Contact Us :
Symposium On Non Alcoholic Fatty Liver Disease

မြန်မာနိုင်ငံ၏ ဆေးပညာစဉ်ဆက်မပြတ် တိုးတက်စေရေးရည်ရွယ်ချက်ဖြင့် “Symposium On Non Alcoholic Fatty Liver Disease” “အရက်ကြောင့်မဟုတ်သောအသည်းအဆီဖုံးခြင်းရောဂါ အကြောင်း” ဆေးပညာဟောပြောဆွေးနွေးပွဲကို ၇.၇.၁၉ (တနင်္ဂနွေနေ့)တွင် မန္တလေးမြို့ Mercure Mandalay Hill Resort တွင်လည်းကောင်း၊ ၁၄.၇.၁၉ (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ Pan Pacific Hotel တွင် လည်းကောင်းMedi Myanmar Group Ltd မှ စီစဉ်ကျင်းပခဲ့ပါသည်။ အသည်းရောဂါအထူးကုပါမောက္ခဆရာဝန်ကြီးဦးခင်မောင်ဝင်းမှ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးရန်ကုန်မြို့တွင် ပါမောက္ခဦးဝင်းနိုင်၊ ပါမောက္ခဦးကျော်စိုးထွန်း၊ ပါမောက္ခ ဒေါ်ဝင်းဝင်းဆွေ နှင့် ပါမောက္ခ ဦးနိုင်နိုင်ထွန်းတို့မှ လည်းကောင်း၊ မန္တလေးမြို့တွင် ပါမောက္ခ ဒေါ်ညိုမီခိုင်သန်းလှိုင် ၊ ပါမောက္ခ ဒေါ်သန္တာထွန်း နှင့် တွဲဖက်ပါမောက္ခ ဒေါ်နန်းကေသီဝင်းတို့မှ လည်းကောင်းရောဂါဆိုင်ရာအကြောင်းအရာများကိုအသီးသီးဟောပြောခဲ့ကြရာစိတ်ဝင်စားသူဆရာဝန် အများအပြားတက်ရောက်လေ့လာဆွေးနွေး ခဲ့ကြပါသည်။