DONATION

မျက်စိအလင်းဒါန လှူဒါန်းခြင်း.

(March 12 2020)

သီတဂူဆရာတော်ကြီးဒေါက်တာအရှင်ဉာဏိဿရ၏ ဦးဆောင်စီမံညွှန်ကြားမှုဖြင့် ဝိသာခါဖောင်ဒေးရှင်း နှင့် Medi Myanmar Group Ltd တို့ ပူးပေါင်းပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်၀ါရီလ (၂၉)ရက်နေ့မှ မတ်(၁၂)ရက်နေ့ အထိ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ် (၃) တပ်မတော်ဆေးရုံ (ခုတင် -၃၀၀)တွင် အလင်းဒါန လှူဒါန်းခြင်းအဖြစ် မျက်စိအတွင်းတိမ်လူနာ (၂၁၄) ကို အခမဲ့ ခွဲစိပ်အလင်းဒါန လှူဒါန်းခဲ့ပြီး မျက်စိရောဂါ လူနာ (၁၉၅၈) ယောက်ကျော်ကို အခမဲ့ စမ်းသပ်စစ်ဆေး ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

သီကီးရ်တိုက်နယ်ဆေးရုံအတွက်ဆေးပစ္စည်းများလှူဒါန်းခြင်း

(February 19 2020)

Medi Myanmar Group Ltd. မှ၁၉.၀၂.၂၀၂၀နေ့တွင်ဖွင့်လှစ်ခဲ့သောချင်းပြည်နယ်၊ထန်တလန်မြို့နယ်၊သီကီးရ်တိုက်နယ်ဆေးရုံအတွက်လိုအပ်သောဆေးပစ္စည်းများအားပါဝင်လှူဒါန်းခဲ့သောအမှတ်တရပုံရိပ်များ …..

မျက်စိအလင်းဒါန လှူဒါန်းခြင်း

(December 9/10/11 2019)

Medi Myanmar Group Ltd မှ ဝိသာခါဖောင်ဒေးရှင်း L’Occitane Foundation တို့နှင့် ပူးပေါင်းပြီး ဒီဇင်ဘာလ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ပခုက္ကူမြို့၊ သီတဂူ စက္ခုဒါန တံတားဦး ဆေးရုံတွင် အလင်းဒါန လှူဒါန်းခြင်းအဖြစ် မျက်စိအတွင်းတိမ်လူနာ (၂၅၀) ကို အခမဲ့ ခွဲစိပ်အလင်းဒါန လှူဒါန်းခဲ့ပြီး မျက်စိရောဂါ လူနာ (၁၅၀၀) ကျော်ကို အခမဲ့ စမ်းသပ်စစ်ဆေး ပေးခြင်း ၊ မျက်မှန်များ လှူဒါန်း ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

မျက်စိအခမဲ့စမ်းသပ်စစ်ဆေးခြင်း

(December 7/8 2019)

Medi Myanmar Group Ltd မှ ဝိသာခါဖောင်ဒေးရှင်း ၊ L’Occitane Foundation တို့ နှင့် ပူးပေါင်းပြီး ဒီဇင်ဘာလ (၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင် ပုဂံမြို့ဟောင်း၊ တောင်ဘီလယ်ယားကျေးရွာ၊ နတ်ထောင့်ကျောင်းအတွင်းရှိ ဓမ္မောသဓ ဆေးခန်းတွင် မျက်စိအခမဲ့စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ မျက်စိစမ်းသပ်စစ်ဆေးသူ (၁၂၀ဝ) ခန့် လာရောက်စမ်းသပ်စစ်ဆေးခဲ့ကြပြီး လိုအပ်သော မျက်မှန်များကိုလည်း အခမဲ့ပေးဝေခဲ့ပါသည်။ မျက်စိအတွင်းတိမ် ခွဲစိပ်ရန် လူနာများကိုလည်း ပခုက္ကူမြို့ သီတဂူစက္ခုဒါန တံတားဦးဆေးရုံတော်သို့ ပို့ဆောင်ကာ အခမဲ့ ခွဲစိပ်ကုသပေးခဲ့ပါသည်။ ထို့အပြင် လာရောက်ပြသသော လူနာများကို နေ့လည်စာနှင့် မုန့်များလည်း ကျွေးမွေးခဲ့ပါသည်။