Contact Us :
Symposium On “Two-for-One Bargain; Using Cilnidipine to Treat Hypertension”

သွေးတိုးရောဂါအတွက် ပိုမိုထိရောက်အကျိုးများစေသောစီနဒပင်း(Cilnidipine)ဆေးဝါးအမျိုးအစားကိုအသုံးပြုကုသခြင်း”အကြောင်းဟောပြောဆွေးနွေးပွဲ] မြန်မာနိုင်ငံ၏ ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့် Medi Myanmar Group Ltd. မှအဆိုပါ ဟောပြောဆွေးနွေးပွဲကိုရန်ကုန်မြို့ LotteHotel,Sapphire Ballroom 1 & 2 တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈ )ရက်၊တနင်္ဂနွေနေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ သဘာပတိအဖြစ် အထွေထွေရောဂါ အထူးကုသမားတော်ကြီးပါမောက္ခ ဒေါက်တာမြင့်ဟန်(ဥက္ကဌ,မြန်မာနိုင်ငံသွေးတိုးရောဂါဆိုင်ရာဆရာဝန်များအဖွဲ့အစည်း) မှ ဆောင်ရွက်ပေးခဲ့ပါသည်။ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးဒေါက်တာဦးအောင်ချိုမြင့် (ပါမောက္ခဌာနမှူး၊အထွေအထွေရောဂါကုသဆောင်၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး)မှ ” How I Manage A Patient With High Blood Pressure” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးဒေါက်တာဦးကိုကို (ပါမောက္ခဌာနမှူး၊အထွေအထွေရောဂါနှင့် ဟော်မုန်းဆိုင်ရာကုသဆောင်၊မြောက်ဥက္ကလာပသင်ကြားရေးဆေးရုံကြီး)မှ ” 4th Generation Cilnidipine;New Weapon For Management Of Hypertension”ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဟောပြောခဲ့ကြပါသည်။ ဆေးပညာနယ်ပယ်အသီးသီးမှ ပါမောက္ခများနှင့်စိတ်ပါဝင်စားသူဆရာဝန်များစွာတက်ရောက်လေ့လာခဲ့ကြပြီးသိလိုသည်များကိုလည်းဆွေးနွေးမေးမြန်းခဲ့ကြသည့် အဆိုပါပွဲအခမ်းအနားကိုMedi Myanmar Group Ltd. မှဂုဏ်ယူဝမ်းမြောက်စွာဖြင့် စီစဉ်ပံ့ပိုးပေးခဲ့ပါသည်။