Events

EVENTS

Lush Iconic Evening – Beauty Sponsored by Estee Lauder

(Sep 28 2019)

World Marketing Summit Myanmar

(Oct 6 2019)

၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၆ ) ရက်နေ့တွင် Yangon Convention Center (YCC) ခန်းမ၌ ကျင်းပသော World Marketing Summit Myanmar 2019 ပွဲတွင် air-x မှ Gold Sponsor အဖြစ် ပါဝင်လှုပ်ရှားခဲ့သောအမှတ်တရပုံရိပ်များ …

Symposium On Applying Medical Nutrition Therapy for Common Metabolic Disorders in General Practice

(Sep 12 2019)

မြန်မာနိုင်ငံ၏ ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့် Medi Myanmar Group Ltd. မှ Symposium On Applying Medical Nutrition Therapy for Common Metabolic Disorders in General Practice အကြောင်း” ဟောပြောဆွေးနွေးပွဲကို မြန်မာနိုင်ငံဆရာဝန်များအသင်း (MMA) ခန်းမဆောင်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက် ၊ကြာသပတေးနေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ သဘာပတိအဖြစ် မြန်မာနိုင်ငံအထွေထွေရောဂါကုဆရာဝန်များအသင်းဒုဥက္ကဌဒေါက်တာ ဝင်းလွင်သိန်းမှ ဆောင်ရွက်ပေးခဲ့ပြီးအာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် မှ ” Medical Nutrition Therapy for Diabetes” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဟာရဆိုင်ရာအထူးကုဆရာဝန် ဒေါက်တာညီညီကျော်မှ ” Weight Management in Overweight and Obesity” ခေါင်းစဉ်ဖြင့်လည်းကောင်းဟောပြောခဲ့ပါသည်။ စိတ်ပါဝင်စားသူအထွေထွေရောဂါကုဆရာဝန်များစွာတက်ရောက်လေ့လာခဲ့ကြပြီးသိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့သည့် ပွဲအခမ်းအနားကိုMedi Myanmar Group Ltd. မှဂုဏ်ယူစွာဖြင့် စီစဉ်ပံ့ပိုးခဲ့သည့် မှတ်တမ်းပုံရိပ်များ …

Symposium On “Two-for-One Bargain; Using Cilnidipine to Treat Hypertension”

(Auguest 18 2019)

သွေးတိုးရောဂါအတွက် ပိုမိုထိရောက်အကျိုးများစေသောစီနဒပင်း(Cilnidipine)ဆေးဝါးအမျိုးအစားကိုအသုံးပြုကုသခြင်း”အကြောင်းဟောပြောဆွေးနွေးပွဲ] မြန်မာနိုင်ငံ၏ ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့် Medi Myanmar Group Ltd. မှအဆိုပါ ဟောပြောဆွေးနွေးပွဲကိုရန်ကုန်မြို့ LotteHotel,Sapphire Ballroom 1 & 2 တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈ )ရက်၊တနင်္ဂနွေနေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ သဘာပတိအဖြစ် အထွေထွေရောဂါ အထူးကုသမားတော်ကြီးပါမောက္ခ ဒေါက်တာမြင့်ဟန်(ဥက္ကဌ,မြန်မာနိုင်ငံသွေးတိုးရောဂါဆိုင်ရာဆရာဝန်များအဖွဲ့အစည်း) မှ ဆောင်ရွက်ပေးခဲ့ပါသည်။ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးဒေါက်တာဦးအောင်ချိုမြင့် (ပါမောက္ခဌာနမှူး၊အထွေအထွေရောဂါကုသဆောင်၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး)မှ ” How I Manage A Patient With High Blood Pressure” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးဒေါက်တာဦးကိုကို (ပါမောက္ခဌာနမှူး၊အထွေအထွေရောဂါနှင့် ဟော်မုန်းဆိုင်ရာကုသဆောင်၊မြောက်ဥက္ကလာပသင်ကြားရေးဆေးရုံကြီး)မှ ” 4th Generation Cilnidipine;New Weapon For Management Of Hypertension”ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဟောပြောခဲ့ကြပါသည်။ ဆေးပညာနယ်ပယ်အသီးသီးမှ ပါမောက္ခများနှင့်စိတ်ပါဝင်စားသူဆရာဝန်များစွာတက်ရောက်လေ့လာခဲ့ကြပြီးသိလိုသည်များကိုလည်းဆွေးနွေးမေးမြန်းခဲ့ကြသည့် အဆိုပါပွဲအခမ်းအနားကိုMedi Myanmar Group Ltd. မှဂုဏ်ယူဝမ်းမြောက်စွာဖြင့် စီစဉ်ပံ့ပိုးပေးခဲ့ပါသည်။