Contact Us :

မြန်မာနိုင်ငံ၏ ဆေးပညာ စဉ်ဆက်မပြတ် တိုးတက် စေရေး ရည်ရွယ်ချက်ဖြင့် MEDI MYANMAR GROUP LTD. မှ ” DEMENTIA OTHER THAN ALZHEIMER” ခေါင်းစဉ်ဖြင့် WEBINAR ကို ကျင်းပ ပြုလုပ်ခဲ့ခြင်း။

မြန်မာနိုင်ငံ၏ ဆေးပညာ စဉ်ဆက်မပြတ် တိုးတက် စေရေး ရည်ရွယ်ချက်ဖြင့် Medi Myanmar Group Ltd. မှ ” DEMENTIA OTHER THAN ALZHEIMER” ခေါင်းစဉ်ဖြင့် Webinar ကို Medi Myanmar Group Ltd. Head Office တွင်ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ ထို Webinar တွင် Moderator အဖြစ် ပါမောက္ခ ဒေါက်တာ ဦးမြင့်ဟန် ၊ Speaker များ အဖြစ် ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းမင်းသစ် မှ “Parkinson Related Dementia” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ပါမောက္ခ ဒေါက်တာ ဒေါ်မိုးမိုးဇော် မှ “Frontotemporal Dementia” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ DR. SHAWN WATSON မှ “Lipids as a Determinant of Brain Health” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့ကြ ပါသည်။ ထို Webinar တွင် တက်ရောက်လာကြ သူများမှ မေးလာသည့် မေးခွန်းများကို ဖြေကြားပေးခဲ့ ပါသည်။

MISS ETHNIC MYANMAR 2020

Medi Myanmar Group Ltd မှ Miss Ethnic Myanmar 2020 တွင်Winner , 1st Runner Up, 2nd Runner Up နှင့် Title ဆုများရရှိသည့်အလှမယ်လေးများကိုဆုချီးမြှင့်ခဲ့သည့်အမှတ်တရပုံရိပ်များ …

Symposium On “Management of Dyslipidemia in Ischemic Heart Disease”

မြန်မာနိုင်ငံ၏ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့်Medi Myanmar Group Ltd. မှ 21st General Practitioners’ Scientific Conference တွင် Symposium On “Management of Dyslipidemia in Ischemic Heart Disease” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးပွဲကိုရန်ကုန်မြို့ မြန်မာနိုင်ငံဆရာဝန်များအသင်း၏ခန်းမဆောင်တွင်၂၀၁၉ခုနှစ်၊နိုဝင်ဘာလ (၂၄ )ရက်၊တနင်္ဂနွေနေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။သဘာပတိအဖြစ်ပါမောက္ခဒေါက်တာဦးနေဝင်းမှဆောင်ရွက်ပေးခဲ့ပြီးပါမောက္ခဒေါက်တာဦးမြင့်စိုးဝင်း (Senior Consultant Cardiologist ၊ Cardiology Department ၊ North Okkalapa General and Teaching Hospital ) မှ ” Management of Dyslipidemia in Ischemic Heart Disease” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့ကြပါသည်။အဆိုပါဟောပြောဆွေးနွေးပွဲကိုMedi Myanmar Group Ltd. မှဂုဏ်ယူဝမ်းမြောက်စွာဖြင့်စီစဉ်ပံ့ပိုးပေးခဲ့ပါသည်။

Symposium On “Current management of Peptic Ulcer Disease”

မြန်မာနိုင်ငံ၏ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့်Medi Myanmar Group Ltd. မှ 21st General Practitioners’ Scientific Conference တွင် Symposium On “Current management of Peptic Ulcer Disease” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးပွဲကိုရန်ကုန်မြို့ မြန်မာနိုင်ငံဆရာဝန်များအသင်း၏ခန်းမဆောင်တွင်၂၀၁၉ခုနှစ်၊နိုဝင်ဘာလ (၂၂ )ရက်၊သောကြာ‌နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။သဘာပတိအဖြစ်ပါမောက္ခဒေါက်တာဦးညွန့်သိန်းမှဆောင်ရွက်ပေးခဲ့ပြီးပါမောက္ခဒေါက်တာဦးသိန်းမြင့် (ပါမောက္ခ/ဌာနမှူး၊အစာအိမ်နှင့်အူလမ်းကြောင်းဌာန၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး) မှ ” Current management of Peptic Ulcer Disease” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးခဲ့ကြပါသည်။အဆိုပါဟောပြောဆွေးနွေးပွဲကိုMedi Myanmar Group Ltd. မှဂုဏ်ယူဝမ်းမြောက်စွာဖြင့်စီစဉ်ပံ့ပိုးပေးခဲ့ပါသည်။

Symposium On “Looking into Eyes of Family Medicine”

မြန်မာနိုင်ငံ၏ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့်Medi Myanmar Group Ltd. မှ 21st General Practitioners’ Scientific Conference တွင် Seminar On “Looking into Eyes of Family Medicine” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးပွဲကိုရန်ကုန်မြို့ မြန်မာနိုင်ငံဆရာဝန်များအသင်း၏ခန်းမဆောင်တွင်၂၀၁၉ခုနှစ်၊နိုဝင်ဘာလ (၂၂ )ရက်၊သောကြာနေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။သဘာပတိအဖြစ်အထွေထွေရောဂါကုဆရာဝန်ကြီးဒေါက်တာဝင်းလွင်သိန်းမှဆောင်ရွက်ပေးခဲ့ပါသည်။ဒေါက်တာဦးကျော်သူ၊ဒေါက်တာဒေါ်တင်တင်လှနှင့်ဒေါက်တာဦးဌေးဝင်းတို့မှ “Looking into Eyes of Family Medicine” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ကြပါသည်။ဆေးပညာနယ်ပယ်အသီးသီးမှပါမောက္ခများနှင့်စိတ်ပါဝင်စားသူဆရာဝန်များစွာတက်ရောက်လေ့လာခဲ့ကြပြီးသိလိုသည်များကိုလည်းဆွေးနွေးမေးမြန်းခဲ့ကြသည့်အဆိုပါပွဲအခမ်းအနားကိုMedi Myanmar Group Ltd. မှဂုဏ်ယူဝမ်းမြောက်စွာဖြင့်စီစဉ်ပံ့ပိုးပေးခဲ့ပါသည်။

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (SHAN STATE BUDDHIST UNIVERSITY) ၏ (၄)ကြိမ်မြောက် ကထိန်အလှူတော်

(၁၀.၁၁.၂၀၁၉) တွင် Medi Myanmar Group Ltd. မှ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University) ၏ (၄)ကြိမ်မြောက် ကထိန်အလှူတော်နှင့် အောက်စဖို့ဒ် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာဓမ္မသာမိ၏ သက်တော် (၅၅)ပြည့်မွေးနေ့ မင်္ဂလာတွင် တက္ကသိုလ်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် SSBU MEDI MYANMAR Healthcare Fund ကိုထူထောင်ပြီးပထမအကြိမ်အဖြစ် ငွေကျပ် သိန်း (၂၀၀) လှူဒါန်းခဲ့ပါသည်။ ဤလှူဒါန်းမှူကိုMedi Myanmar Group Ltd. ၏ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင်များ ၊ အစဉ်တစိုက် ဝယ်ယူအားပေးကြသည့် မိတ်ဟောင်းမိတ်သစ်များအားလုံးနှင့် ဝန်ထမ်းမိသားစုများအားလုံးဤလှူဒါန်းမှုအတွက် အမျှပေးဝေလိုက်ပါတယ်

World Marketing Summit Myanmar

၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၆ ) ရက်နေ့တွင် Yangon Convention Center (YCC) ခန်းမ၌ ကျင်းပသော World Marketing Summit Myanmar 2019 ပွဲတွင် air-x မှ Gold Sponsor အဖြစ် ပါဝင်လှုပ်ရှားခဲ့သောအမှတ်တရပုံရိပ်မျာ

Symposium On Applying Medical Nutrition Therapy for Common Metabolic Disorders in General Practice

မြန်မာနိုင်ငံ၏ ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့် Medi Myanmar Group Ltd. မှ Symposium On Applying Medical Nutrition Therapy for Common Metabolic Disorders in General Practice အကြောင်း” ဟောပြောဆွေးနွေးပွဲကို မြန်မာနိုင်ငံဆရာဝန်များအသင်း (MMA) ခန်းမဆောင်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက် ၊ကြာသပတေးနေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ သဘာပတိအဖြစ် မြန်မာနိုင်ငံအထွေထွေရောဂါကုဆရာဝန်များအသင်းဒုဥက္ကဌဒေါက်တာ ဝင်းလွင်သိန်းမှ ဆောင်ရွက်ပေးခဲ့ပြီးအာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် မှ ” Medical Nutrition Therapy for Diabetes” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဟာရဆိုင်ရာအထူးကုဆရာဝန် ဒေါက်တာညီညီကျော်မှ ” Weight Management in Overweight and Obesity” ခေါင်းစဉ်ဖြင့်လည်းကောင်းဟောပြောခဲ့ပါသည်။ စိတ်ပါဝင်စားသူအထွေထွေရောဂါကုဆရာဝန်များစွာတက်ရောက်လေ့လာခဲ့ကြပြီးသိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့သည့် ပွဲအခမ်းအနားကိုMedi Myanmar Group Ltd. မှဂုဏ်ယူစွာဖြင့် စီစဉ်ပံ့ပိုးခဲ့သည့် မှတ်တမ်းပုံရိပ်မျာ…

Symposium On “Two-for-One Bargain; Using Cilnidipine to Treat Hypertension”

သွေးတိုးရောဂါအတွက် ပိုမိုထိရောက်အကျိုးများစေသောစီနဒပင်း(Cilnidipine)ဆေးဝါးအမျိုးအစားကိုအသုံးပြုကုသခြင်း”အကြောင်းဟောပြောဆွေးနွေးပွဲ] မြန်မာနိုင်ငံ၏ ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့် Medi Myanmar Group Ltd. မှအဆိုပါ ဟောပြောဆွေးနွေးပွဲကိုရန်ကုန်မြို့ LotteHotel,Sapphire Ballroom 1 & 2 တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈ )ရက်၊တနင်္ဂနွေနေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ သဘာပတိအဖြစ် အထွေထွေရောဂါ အထူးကုသမားတော်ကြီးပါမောက္ခ ဒေါက်တာမြင့်ဟန်(ဥက္ကဌ,မြန်မာနိုင်ငံသွေးတိုးရောဂါဆိုင်ရာဆရာဝန်များအဖွဲ့အစည်း) မှ ဆောင်ရွက်ပေးခဲ့ပါသည်။ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးဒေါက်တာဦးအောင်ချိုမြင့် (ပါမောက္ခဌာနမှူး၊အထွေအထွေရောဂါကုသဆောင်၊ရန်ကုန်ပြည်သူ့ဆေးရုံကြီး)မှ ” How I Manage A Patient With High Blood Pressure” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးဒေါက်တာဦးကိုကို (ပါမောက္ခဌာနမှူး၊အထွေအထွေရောဂါနှင့် ဟော်မုန်းဆိုင်ရာကုသဆောင်၊မြောက်ဥက္ကလာပသင်ကြားရေးဆေးရုံကြီး)မှ ” 4th Generation Cilnidipine;New Weapon For Management Of Hypertension”ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဟောပြောခဲ့ကြပါသည်။ ဆေးပညာနယ်ပယ်အသီးသီးမှ ပါမောက္ခများနှင့်စိတ်ပါဝင်စားသူဆရာဝန်များစွာတက်ရောက်လေ့လာခဲ့ကြပြီးသိလိုသည်များကိုလည်းဆွေးနွေးမေးမြန်းခဲ့ကြသည့် အဆိုပါပွဲအခမ်းအနားကိုMedi Myanmar Group Ltd. မှဂုဏ်ယူဝမ်းမြောက်စွာဖြင့် စီစဉ်ပံ့ပိုးပေးခဲ့ပါသည်။

Power of Wellness

Medi Myanmar Group Ltd. မှ ရန်ကင်းပညာရေးကောလိပ် နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းတို့တွင် OnDoctor မှ ကြီးမှူးပြီးကျင်းပါသည့် Power of Wellness လူငယ်ကျန်းမာရေးပညာပေးဟောပြောပွဲတွင် Gold Sponsor အဖြစ် ပါဝင်ခဲ့သည့် ပုံရိပ်များ …

Symposium on Role of Nutrition on Behaviour and Cognition in Children

မြန်မာနိုင်ငံ၏ ဆေးပညာ စဉ်ဆက်မပြတ်တိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် Medi Myanmar Group Ltd. မှ “Symposium On Role of Nutrition on Behaviour and Cognition in Children” “ကလေးငယ်များ၏ မှတ်ဉာဏ်နှင့်အမူအကျင့်ပိုင်းဆိုင်ရာတွင် အရေးပါလှသော အစာအာဟာရဓါတ်များအကြောင်း”ဟောပြောဆွေးနွေးပွဲ ကို ရန်ကင်း ကလေးဆေးရုံကြီး Conference Hall တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ သဘာပတိ အဖြစ် ကလေးအထူးကုသမားတော်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ခင်ညိုသိန်းမှ ဆောင်ရွက်ပေးခဲ့ပြီး ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်သန္တာမောင်ဝင်း မှ ” Role of Nutrition on behaviour and cognition in children” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါသည်။ စိတ်ပါဝင်စားသူ ဆရာဝန်များစွာ တက်ရောက်လေ့လာခဲ့ကြပြီး ကလေးအထူးကု ပါမောက္ခဆရာကြီး ၊ ဆရာမကြီး များကလည်းသိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့သည့် ပွဲအခမ်းအနားကို Medi Myanmar Group Ltd. မှဂုဏ်ယူစွာဖြင့် စီစဉ်ပံ့ပိုးခဲ့သည့် မှတ်တမ်းပုံရိပ်များ …

World Hepatitis Day

၂၀၁၉ခုနှစ် ၊ ဇူလိုင်လ (၂၇-၂၈) ရက်နေ့တွင် တပ်မတော်ခန်းမ၌ အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ) မှကြီးမှူး ကျင်းပသည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားပွဲတွင် Medi Myanmar Group Ltd. မှ ကျန်းမာရေးစစ်ဆေးမှုများအခမဲ့ စစ်ဆေးပေးခြင်း၊ ရလဒ်များအပေါ်ဆွေးနွေး အကြံပြုခြင်းနှင့် လိုအပ်သောဆေးဝါးများပေးဝေခြင်း၊ တိုက်ကွမ်ဒိုအကအလှများစီစဉ်တင်ဆက်ခြင်းတို့ဖြင့် ပြည်သူ့ကျန်းမာရေးအသိပညာပြန့်ပွါးစေရေးအတွက် တက်ကြွစွာအတူပါဝင်ဆောင်ရွက်ခဲ့ပါသည်။

Symposium On Understanding Malnutrition

မြန်မာနိုင်ငံ၏ ဆေးပညာစဉ်ဆက်မပြတ်တိုးတက်စေရေးရည်ရွယ်ချက်ဖြင့် Medi Myanmar Group Ltd. မှ “Symposium On Understanding Malnutrition” “အာဟာရချို့တဲ့မှုအကြောင်းသိကောင်းစရာများ” ဟောပြောဆွေးနွေးပွဲကိုရန်ကုန်ကလေးဆေးရုံကြီးတိုးချဲ့ဆောင်သစ် Conference Hall တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄ )ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ သဘာပတိအဖြစ် ကလေးအထူးကုသမားတော်ကြီးပါမောက္ခဌာနမှူး ဒေါက်တာဦးရဲမြင့်ကျော်မှ ဆောင်ရွက်ပေးခဲ့ပြီးကလေးအထူးကုဆရာဝန်ကြီးဒေါက်တာဒေါ်စောသက်ခိုင် မှ ” Understanding Malnutrition” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါသည်။ စိတ်ပါဝင်စားသူဆရာဝန်များစွာတက်ရောက်လေ့လာခဲ့ကြပြီးကလေးအထူးကုပါမောက္ခဆရာကြီး ၊ ဆရာမကြီးများကလည်းသိလိုသည်များကိုဆွေးနွေးမေးမြန်းခဲ့သည့် ပွဲအခမ်းအနားကိုMedi Myanmar Group Ltd. မှဂုဏ်ယူစွာဖြင့် စီစဉ်ပံ့ပိုးခဲ့သည့် မှတ်တမ်းပုံရိပ်များ …

Symposium On Non Alcoholic Fatty Liver Disease

မြန်မာနိုင်ငံ၏ ဆေးပညာစဉ်ဆက်မပြတ် တိုးတက်စေရေးရည်ရွယ်ချက်ဖြင့် “Symposium On Non Alcoholic Fatty Liver Disease” “အရက်ကြောင့်မဟုတ်သောအသည်းအဆီဖုံးခြင်းရောဂါ အကြောင်း” ဆေးပညာဟောပြောဆွေးနွေးပွဲကို ၇.၇.၁၉ (တနင်္ဂနွေနေ့)တွင် မန္တလေးမြို့ Mercure Mandalay Hill Resort တွင်လည်းကောင်း၊ ၁၄.၇.၁၉ (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ Pan Pacific Hotel တွင် လည်းကောင်းMedi Myanmar Group Ltd မှ စီစဉ်ကျင်းပခဲ့ပါသည်။ အသည်းရောဂါအထူးကုပါမောက္ခဆရာဝန်ကြီးဦးခင်မောင်ဝင်းမှ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးရန်ကုန်မြို့တွင် ပါမောက္ခဦးဝင်းနိုင်၊ ပါမောက္ခဦးကျော်စိုးထွန်း၊ ပါမောက္ခ ဒေါ်ဝင်းဝင်းဆွေ နှင့် ပါမောက္ခ ဦးနိုင်နိုင်ထွန်းတို့မှ လည်းကောင်း၊ မန္တလေးမြို့တွင် ပါမောက္ခ ဒေါ်ညိုမီခိုင်သန်းလှိုင် ၊ ပါမောက္ခ ဒေါ်သန္တာထွန်း နှင့် တွဲဖက်ပါမောက္ခ ဒေါ်နန်းကေသီဝင်းတို့မှ လည်းကောင်းရောဂါဆိုင်ရာအကြောင်းအရာများကိုအသီးသီးဟောပြောခဲ့ကြရာစိတ်ဝင်စားသူဆရာဝန် အများအပြားတက်ရောက်လေ့လာဆွေးနွေး ခဲ့ကြပါသည်။

၂၀၁၉ ခုနှစ် အတက်ရောဂါ အထိမ်းအမှတ် (PURPLE DAY)

၂၀၁၉ ခုနှစ် ၊မတ်လ (၂၆)ရက်နေ့ (အင်္ဂါနေ့) ၌ ရန်ကုန်ကလေးဆေးရုံသစ်ကြီးတိုးချဲ့ဆောင်သစ်ဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၉ ခုနှစ် အတက်ရောဂါ အထိမ်းအမှတ် (purple day) အခမ်းအနားတွင် Medi Myanmar Group Limited မှလည်း မြန်မာနိုင်ငံအတက်ရောဂါ ဖေးမကူညီရေးအသင်းသို့ ငွေကျပ် (၂) သိန်း လှူဒါန်းခဲ့ပြီးဆေးပြခန်း ပြသခြင်းနှင့် ကလေးငယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းများကိုပံ့ပိုးကူညီပေးခဲ့ပါသည်။

World Kidney Day Yangon Children Hosptial, Halpin

အပြည်ပြည်ဆိုင်ရာကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ အထိမ်းအမှတ် ဝေဒနာရှင် သားငယ်/သမီးငယ်များ၏ စတုတ္ထအကြိမ်မြောက် ပျော်ပွဲရွှင်ပွဲကိုရန်ကုန် ဟယ်လ်ပင် ကလေးဆေးရုံကြီးကျောက်ကပ်ဌာန ၌ ၁၃.၃.၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင်Medi Myanmar Group Ltd မှ တက်ရောက် လာကြသောကလေးငယ်များအားရောင်စုံခြယ် ခဲတံဘူးများလက်ဆောင်ပေးခြင်း နှင့် ဂိမ်းကစားခြင်းအစီအစဉ်များတွင် ပျော်ရွှင်စွာဝင်ရောက်ဆင်နွဲှခဲ့သောပုံရိပ်များကိုတင်ဆက်ပေးလိုက်ရပါသည်။

1st MMA Conference Sittwe

မြန်မာနိုင်ငံဆရာဝန်အသင်းမှကြီးမှူးကျင်းပသော 1st MMA Conference အခမ်းအနားကိုစစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံတွင် ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် နှင့် (၂၄) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲတွင် ဆေးနှင့် ဆေးပစ္စည်းပြခန်းတွင် Medi Myanmar Group Limited မှဂုဏ်ယူစွာဖြင့် ပါဝင်ဆင်နွှဲခဲ့တဲ့ ပုံရိပ်များ …